နောက်ထပ်သုံးယောက်ဝင်ပြန်ပြီး

Next to go in Jo Hyun Jae, Lee Dong Gun and Eric Mun
မကြာခင် မှာ နောက်ထပ် စစ်မှုထမ်း ရမည့် ကိုးရီးယား အနုပညာ သည်များ ကတော့ Jo Hyun Jae , Lee Dong Gun နဲ့ Eric Mun တို့ ဖြစ်ကြ ပါတယ်။
လုပ်စားဖို့ အချိန် နည်းနည်း ပဲ ကျန်တော့ တဲ့အတွက် အပြေး အလွှား သူတို့ရဲ့ အနုပညာ လုပ်ငန်း တွေကို လက်စ သတ်နေ ကြ ပါတယ်။ ပရိသတ် က သူတို့ကို စွဲကျန်ခဲ့ ကြ အောင် လည်း အစွမ်းကုန် ကြိုးစား နေကြ ပါတယ်။

Lee Dong Gun
Lee Dong Gun ဟာ များမကြာ ခင်က ညီတစ်ယောက် ကွယ်လွန် ခဲ့လို့ ပူဆွေး သောက ရောက်နေ သူ တစ်ဦး ဖြစ် ပါတယ်။ My Name is Kim Sam-Soon ဇာတ်လမ်း တွဲမှ နာမည်ကြီး မင်းသမီး Kim Sun Ah နဲ့ တွဲပြီး Every Day Every Night (MBC) တီဗွီ ဇာတ်လမ်း တွဲ ကိုရိုက် နေ ပါတယ်။
သူ့အရင် ထုတ်လုပ်ရန် အများ မျှော်လင့် နေကြတဲ့ East of Eden ဆိုတဲ့ TV drama ကိုတောင် နောက်ဆုတ် ထားတယ် လို့ ဆို ပါတယ်။

Eric Mun
Shinhwa အဆိုအဖွဲ့ ဝင် Eric Mun ဟာ Strongest Chil Woo (KSB) အမည်ရှိ TV drama မှာ ခေါင်းဆောင် မင်းသား အဖြစ် ပါဝင်ပြီး လူသတ် သမား အဖြစ် သရုပ်ဆောင် ထား ပါတယ်။
Eric ဟာ စက်တင်ဘာ လ မှာ စစ်ထဲ ဝင်မှာ ဖြစ်ပြီး Strongest Chil Woo ကတော့ ဇွန်လ ကုန်မှာ ပြသ မှာဖြစ် ပါတယ်။

Jo Hyun Jae
Jo Hyun Jae ကတော့ One Mom and Three Dads (KSB) TV drama မှာ အဖေ သုံးဦး အနက် တစ်ဦး အဖြစ် ပါဝင် သရုပ် ဆောင် ထားပါတယ်။ ဒီဇာတ် လမ်းတွဲ မှာ ခေါင်း ဆောင် မင်းသမီး ကတော့ Eugene ဖြစ် ပါတယ်။
Links
Eric, Lee Dong Gun, Jo Hyun Jae final act before military
Tag:
korean actor |
korean news |
korea