Hollywood ရောက်မင်းသား

Daniel Henney cast as a mutants in
Twentieth Century Fox’s “X-Men Origins"
အမေရိကန် နိုင်ငံသား ကပြား မင်းသား Daniel Henney ဟာ 20th Century Fox က ရိုက်ကူး
နေတဲ့ 'X-Men Origins: Wolverine.' ပှာ ပါဝင် သရုပ် ဆောင်လျှက် ရှိ ပါတယ်။
နာမည် ကျော် X-Men ဇာတ်လမ်း တွဲတွေ ဟာ အဆက် အဆက် နဲ့လာ ပါတယ်။ ခုကား က နောက်ဆုံး
အဆက်ပါ။ ဒီကား မှာ ခေါင်းဆောင် မင်းသား ကတော့ Jack Hughman ဖြစ် ပါတယ်။
အခုကား ထဲမှာ Daniel Henney က လျှပ်စစ် ဓါတ်တွေ ကို ထိမ်းချုပ် နိုင်တဲ့
Agent Zero အဖြစ် ပါဝင် သရုပ်ဆောင် ထား ပါတယ်။

Daniel Henney
ဒီကား ကို New Zealand နိုင်ငံ မှာ ဇန်နဝါရီ လ ထဲက ရိုက်နေ တာဖြစ် ပြီး
ပီပီပြင်ပြင် သရုပ် ဆောင်ရတဲ့ အခန်း တွေ ပါလို့ လက်ခံ ခဲ့တာ ဖြစ် ပါတယ်။
Daniel Henney ကို ဟောလီဝုဒ် က ကားရိုက် ရန် မကြာခဏ ကမ်းလှမ်း ခဲ့ ပါတယ်။
သို့သော် US ကားတွေ မှာ ပါနေကျ ခပ်တုံးတုံး အာရှတိုက် သား အခန်းတွေ ပဲဖြစ် နေလို့
ရိုက်ကူး ခြင်း မပြုခဲ့ ပါ။
အင်္ဂလိပ် စကား native speaker ဖြစ်ပြီး ဗိုလ်သွေး တဝက် ပါတဲ့ အတွက် အရပ် အမောင်း
ကောင်းသူ ဖြစ်လေ တော့၊ ပေါက်သွားရင် ဟောလီဝုဒ် မင်းသား တစ်လက် ဖြစ်သွားနိုင် ပါတယ်။
မင်းသား Daniel Henney အောင်မြင် ပါတစလို့ ဆုတောင်း ပေးအပ် ပါတယ်။
Links
Daniel Henney Cast in 'X-Men Origins: Wolverine'
Tag:
korean actor |
korean news |
korea