အတိုအထွာသတင်းများ(၆)

First Korean Space Man
ပဋ္ဌမ ဆုံး ကိုးရီးယား အာကာသ ယာဉ်မှူး
၂၀၀၈ ခုနှစ် ဧပြီ လတွင် အာကာသ သို့ လွှတ်တင်မည့် Russian Soyuz
အာကာသ ယာဉ် နှင့် လိုက် ပါရန် ကိုးရီးယား နိုင်ငံ တွင် လျှောက်လွှာ ခေါ်ယူ
ခဲ့ရာ၊လျှောက်ထားသူ ၃၆,၀၀၀ အနက်မှ Ko San(30) အမည်ရှိ အမျိုးသား တစ်ဦး အရွေးချယ်
ခံခဲ့ ရ ပါတယ်။
ကုန်ကျ ငွေများ
အတွက် အစိုးရမှ Won 6 Billion, SBS TV Network
နှင့် အခြား sponsors များမှ Won 20 billion ကျခံကြ မည် ဖြစ် ပါတယ်။ အရံ အဖြစ် Yi
So-yeon(28) အမည်ရှိ အမျိုးသမီး တစ်ဦး
ကို ရွေးချယ်ထာ ပါတယ်။ Source:
Ko San is Korea’s first astronaut
ကပြားမင်း သားလေး Daniel Henny ရဲ့ အင်တာဗျူး

Interview with Actor Daniel Henney
ကပြား မင်းသားလေး Daniel Henney နောက်ဆုံး ရိုက်ခဲ့တဲ့ My Father
အမည်ရှိ ရုပ်ရှင် နဲ့ပါတ်သက် ပြီး မကြာမှီက အင်တာဗျူး တစ်ခု လုပ်ခဲ့ ပါတယ်။
My Father ဇာတ်ကားဟာ USA မှာ ငယ်ငယ် ထဲက မွေးစား ခံခဲ့ရတဲ့ US
စစ်သား တစ်ဦး၊ ဖခင်ရှာတဲ့ တကယ့် အဖြစ် အပျက် ကို ရိုက်ထားတာ ဖြစ် ပါတယ်။
Daniel Henney မိခင် မှာလည်း အလားတူ ငယ်ငယ် ကထဲက USA မှာ မွေးစား
ခံထဲ့ ရသူ တစ်ဦး ဖြစ် လေတော့၊ Daniel ဟာ ကားရိုက်စဉ် မှာ မိခင်ရဲ့ ဘဝကို ခံစားပြီး
ရိုက်ကူး ခဲ့တယ် လို့ သိရ ပါတယ်။ Source:
Interview with Actor Daniel Henney About Movie 'My Father'
ပရိသတ် အမျှော်ဆုံးသူ

မကြာမှီ က ပြုလုပ် တဲ့ internet ဆန္ဒ ခံယူပွဲ တစ်ခုမှာ စစ်ထဲရောက်
နေသူ နာမည်ကျော် များအနက် သင်မည်သူ့ ကို အမျှော် ဆုံးလဲ လို့ မေးခွန်း ထုတ်ခဲ့
ပါတယ်။
ဆန္ဒပြုသူ ၇၃၉ ဦးအနက် ၃၉ ရာနှုံး က အဆိုတော် Moon Hee-jun ကိုရွေးချယ်
ခဲ့
ပါတယ်။ Source:
Moon
Hee-jun Most Awaited Celebrity after Military Discharge
မင်းသမီးငယ် တစ်ဦးကွယ်လွန်ခြင်း

အွန်စော၊ ဂျွန်စော၊ ထယ်စောက် နဲ့ အွန်စောငယ်
တို့ နာမည် စတင် ကြီးခဲ့တဲ့ Autumn Fairy Tale မှာ
ခလေး ဘဝက အွမ်စောငယ် နဲ့ အပြိုင် စိတ်ပုတ် မလေး အဖြစ် သရုပ် ဆောင်ခဲ့တဲ့ မင်းသမီး
လေး Lee Ae-Jung (20) ဟာ မကြာမှီက
brain tumor ရောဂါ နဲ့ ကွယ်လွန်
သွား ကြောင်း သိရှိ ရ ပါတယ်။ Source:
Rest in peace Lee Ae-jung
Jumong မင်းသားရဲ့ ဇာတ်လမ်းတွဲ အသစ်

နာမည်ကျော် Jumong ရာဇဝင် ဇာတ်လမ်းတွဲ မှ ဇာတ်လိုက် Song Il
Gook ရဲ့ ဇာတ်လမ်း တွဲ အသစ် Lobbyist ကို လာမည့် အောက်တိုဘာ လ မှာ ထုတ်လွှင့်
မယ်လို့ သိရ ပါတယ်။ Source:
'Jumong' Star Song Il Gook's New Drama to Premiere in October
အာရှတိုက်မှာကိုးရီးယားကားတွေလူကြိုက်နည်းလာပြီးလာ?
အရှေ့ အာရှတိုက် မှာ လူကြိုက် များ ခဲ့တဲ့ ကိုးရီးယား ဇာတ်လမ်းတွဲး
တွေရဲ့ ပေါ်ပြူလာ ဖြစ်မှု ကျဆင်း လာတယ် လို့ ထင်မြင်ချက် ပေးနေ ကြ ပါတယ်။
Rating 30% ရှိတဲ့ ဇာတ်လမ်း တွဲး တွေတောင် အရှုံးပြ နေတယ်လို့ ဆို
ပါတယ်။ ၂၀၀၅ ခုနှစ်က Korean Soap (ဇာတ်လမ်းတွဲ) တွေ အပေါ်က US$101.62 million ရခဲ့
ရာက ၂၀၀၆ ခုနှစ်မှာ US$ 85.891 million ပဲ ရခဲ့ ပါတယ်၊ Source:
Korean Soaps in Crisis
Tag :
korean news |
korea